အမေရိကန် အထက်တန်းအောင်လက်မှတ် GED ကို ထားဝယ်မြိုမှာတတ်လိုရနေပါပြီနော် 🎉
GED Program ဆိုတာ အမေရိကန်နိုင်ငံရဲ့အထက်တန်းအဆင့် ဒီပလိုမာတစ်ခုဖြစ်ပြီး နိုင်ငံတကာ အဆင့်မြင့် တက္ကသိုလ်ကြီးတွေက အသိအမှတ်ပြုလက်ခံကြတဲ့ အောင်လက်မှတ်တစ်ခုလည်း ဖြစ်ပါတယ်။
💁🏻♀️GED Program ဟာ အထက်တန်းပညာရေး မပြီးဆုံးသေးတဲ့သူတွေနဲ့ နိုင်ငံရပ်ခြားမှာ ဆက်လက်ပညာသင်ကြားလိုသူတွေအတွက် မိမိရည်မှန်းထားတဲ့ ပန်းတိုင်ဆီကို အချိန်တိုတွင်း ရောက်ရှိနိုင်ဖို အကောင်းဆုံး ရွေးချယ်မှု တစ်ခုပါပဲ။
GED ဖြေဖို အသက် (16) နှစ် ပြည့်ထားရမှာဖြစ်ပြီး အသက်မပြည့်သေးရင်တော့ Waiver Age Exception Form တင်ထားဖို လိုအပ်ပါတယ်။ GED Program မှာဆိုရင် –
📚 Mathematical Reasoning
📚 Reasoning Through Language Arts
📚 Social Studies
📚 Science
စတဲ့ ဘာသာရပ် (၄) ခုစလုံးကို အင်္ဂလိပ်လိုသာ လေ့လာသင်ကြားရမှာဖြစ်တာကြောင့် အနည်းဆုံး English Intermediate Level ထိရောက်အောင် လေ့ကျင့်ပြင်ဆင်ထားဖို လိုအပ်ပါတယ်။
📝 ဘာသာရပ် တစ်ခုချင်းစီအတွက် အမှတ် 200 ဖိုးစီဖြေဆိုရမှာဖြစ်ပြီး ရလဒ်သတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
✅ 100-144 (Failed)
✅ 145-164 (Passing Score)
✅ 165-174 (College Ready)
✅ 175-200 (College Ready+Credit Score)
GED ဖြေဆိုပြီးပါက အမေရိကန်၊ ကနေဒါ၊ အင်္ဂလန်၊ စင်ကာပူ၊ ထိုင်း၊ ယူအေအီး၊ တောင်အာဖရိက၊ နယူးဇီလန် အစရှိတဲ့ နိုင်ငံတွေက Ranking မြင့် တက္ကသိုလ်ကြီးတွေမှာ ဆက်လက်ပညာသင်ကြာနိုင် မှာဖြစ်ပါတယ်
GED Program တက်ရောက်ရာမှာ English Skill နဲ့ ပတ်သက်ပြီး အခက်အခဲမရှိစေဖို Y-Max University ရဲ့ (၅) သိန်းကျပ်တန် Diploma in Applied English အတန်းကိုလည်း ပညာဒါနအဖြစ်သင်ကြားပေးသွားမှာဖြစ်ပါတယ်။